မန္တလေး ဇန်နဝါရီ

 

တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးစီမံကိန်းများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးဦးစီးဌာန တိုင်းခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများနှင့် စီမံကိန်းတွင်ပါဝင်ဆောင်ရွက်မည့် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့များ၊ သွင်းအားစုရောင်းချသူ အစုအဖွဲ့များနှင့် တောင်သူအစုအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်းက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေြဖင့် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူ အစုအဖွဲ့များ၊ သွင်းအားစု အစုအဖွဲ့များနှင့် တောင်သူအစုအဖွဲ့များမှ တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေး တင်ပြကြသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ခုနှစ်၊ နွေစပါးသီးနှံ (၈၈၉၄၉)ဧက စိုက်ပျိုးရန် လျာထားမှုအပေါ် ခရိုင်()ခရိုင်၊ မြို့နယ်(၁၂)မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပြည်ထောင်စုအစီအစဉ်ဖြင့် (၃၂၅၇၈)ဧက အတွက် ငွေကျပ်(၆၅၁၅ ဒသမ ၆၀)သန်းဖြင့် စိုက်ပျိုးနိုင်ရေးလျာထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး တိုင်းဒေသကြီးအစီအစဉ်ဖြင့် နွေစပါး၊ နွေနှမ်း၊ မိုး ကြိုဝါ၊ မိုးကြိုပဲတီစိမ်း၊ မိုးကြိုနေကြာသီးနှံစသည့် သီးနှံ()မျိုးအတွက် စုစုပေါင်းဧက(၁၆၀၀၀)အတွက် ငွေကျပ်(၃၂၀၀)သန်းဖြင့် ခရိုင်() ခရိုင်၊ မြို့နယ်ပေါင်း(၁၁)မြို့နယ်တွင် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက် လျက်ရှိ ကြောင်း၊ စုစုပေါင်းအနေဖြင့် (၄၈၅၇၈)ဧကအတွက်  ငွေကျပ် (၉၇၁၅ ဒသမ ၆၀)သန်းဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းသည် သီးနှံစိုက်ဧကများအပေါ် ()ဧကလျှင် ငွေကျပ်() သိန်းနှုန်းဖြင့် ညီမျှသောသွင်းအားစုများကို တောင်သူများထံပံ့ပိုးပေးမည်ဖြစ်ရာ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားပြီး တောင်သူတစ်ဦး စီ၏ဝင်ငွေ တိုးတက်စေရေး ဆောင်ရွက်သည့်စီမံကိန်းဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)