မန္တလေး  ၁၁  ဇွန် 

 

၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်  မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစား ကွင်းတွင် ကျင်းပပြုလုပ်မည့်  (၃၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး များ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ၂ နာရီက ကျင်းပသည်။ 


ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးရေးပြောကြားသည်။ 


ယင်းနောက် စပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများကို တင်ပြရာ ဝန်ကြီးက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

ယခုနှစ် မူးယစ်ဆေးဝါးများ ဖျက်ဆီးမီးရှို့ပွဲတွင် ယခင်နှစ်ကထက်ပိုမို၍ ပိုမိုဖမ်းဆီးရမိ ဖျက်ဆီးနိုင်မည်ဖြစ်ပြီး မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆာလ်ဖျူရစ်အက်ဆစ်ကဲ့သို့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးဝင်ပစ္စည်းများအား သက်ဆိုင်ရာဌာနများမှ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးမြ (မန္တလေး)