နေပြည်တော်၊ နိုဝင်ဘာ ၂၄
မန္တလေးတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ယမန်နေ့က စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများမှ ကျောင်းသား/ ကျောင်းသူများသည် ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းများတွင် အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ယူလျက်ရှိရာ ထိုသို့ ပညာသင်ကြားသင်ယူနေမှုကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကို နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် သင်တန်းရေးရာဌာနမှ သတင်းရရှိသည်။
သတင်းစဉ်


