ပြင်ဦးလွင် ၂၄ မေ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းမှ ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကာလများအတွင်း ဆန်အိတ်များ လာရောက်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့ရှိ ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် ပြင်ဦးလွင်မြို့နယ်အတွင်း မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့တို့က ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကာလများအတွင်း ပြင်ဦးလွင်မြို့ရှိ ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက်မှ ပညာသင်ကြားနေသော သီလှရှင်တို့အား အဟာရဖြည့်စွက် ဆန်အိတ် ၁၂ ပြည်ဝင်အိတ် (၄၀) အိတ် အား ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက်၊ တာဝန်ခံ ဆရာကြီး ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
ယခုလို ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလတွင် မိမိတို့ ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက် ပရဟိတ ပညာရေးကျောင်းသို့ လိုအပ်သည်များ လာရောက်လှူဒါန်းပေးခြင်းကြောင့် မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ တာဝန်ရှိသူများအားလုံး အလွန်ပင်ဝမ်းသာပီတိဖြစ်ရပြီး ကျေးဇူးတင်ရှိပါကြောင်း ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက် ဆရာကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)


