ပြင်ဦးလွင် ၂၄ မေ

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းမှ ကိုဗစ်- ၁၉  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကာလများအတွင်း ဆန်အိတ်များ လာရောက်လှူဒါန်းပွဲကို  ယနေ့  နံနက် ၉ နာရီခွဲက  ပြင်ဦးလွင်မြို့ရှိ   ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါလှူဒါန်းပွဲတွင် ပြင်ဦးလွင်မြို့နယ်အတွင်း မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့တို့က ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကာလများအတွင်း ပြင်ဦးလွင်မြို့ရှိ ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက်မှ ပညာသင်ကြားနေသော သီလှရှင်တို့အား အဟာရဖြည့်စွက် ဆန်အိတ် ၁၂ ပြည်ဝင်အိတ် (၄၀) အိတ် အား ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက်၊ တာဝန်ခံ ဆရာကြီး ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

 

ယခုလို ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလတွင် မိမိတို့ ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက် ပရဟိတ ပညာရေးကျောင်းသို့ လိုအပ်သည်များ လာရောက်လှူဒါန်းပေးခြင်းကြောင့်  မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ တာဝန်ရှိသူများအားလုံး အလွန်ပင်ဝမ်းသာပီတိဖြစ်ရပြီး ကျေးဇူးတင်ရှိပါကြောင်း  ဇယန်းသာသနရက္ခိတ သီလရှင်ကျောင်းတိုက် ဆရာကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးထိုက် (ပြင်ဦးလွင်)