ရန်ကုန် ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနသည် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းနှင့် ချိတ်ဆက်ပြီး စာအုန်းဆီများကို တတိယအကြိမ် စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်သမဝါယမ အသင်းစုများမှတဆင့် သမဝါယမအသင်းသားများနှင့် အများပြည်သူများသို့ စားအုန်းဆီစျေးနှုန်းချိုသာစွာ ရောင်းချလျက်ရှိသည်။
အဆိုပါစားအုန်းဆီရောင်းချမှုတွင် မရမ်းကုန်းမြို့နယ်ရှိ သမဝါယမအသင်း(၇)သင်းမှ စားအုန်းဆီ (၅၅)ကျပ် သား တစ်ဘူးလျှင် ကျပ် ၂၄၀၀ နှုန်းဖြင့် စုစုပေါင်း ပိသာချိန် (၇၇၀) ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သတ်မှတ်စျေးနှုန်းများနှင့်အညီ ရောင်းချနေမှုများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးနိုင်နှင့်အဖွဲ့များက လိုက်လံ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


