ရန်ကုန်   ဒီဇင်ဘာ   ၈

 

ရန်ကုန်တိုင်း​ဒေသကြီး သမဝါယမဦးစီးဌာနသည် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းနှင့် ချိတ်ဆက်ပြီး စာအုန်းဆီများကို တတိယအကြိမ်​ စျေးနှုန်းချိုသာစွာဖြန့်ဖြူး​ပေးလျက်ရှိရာ ယ​နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်သမဝါယမ အသင်းစုများမှတဆင့် သမဝါယမအသင်းသားများနှင့် အများပြည်သူများသို့ စားအုန်းဆီ​စျေးနှုန်းချိုသာစွာ​ ရောင်းချလျက်ရှိသည်။

 

အဆိုပါစားအုန်းဆီ​ရောင်းချမှုတွင် မရမ်းကုန်းမြို့နယ်ရှိ သမဝါယမအသင်း()သင်းမှ စားအုန်းဆီ (၅၅)ကျပ် သား တစ်ဘူးလျှင် ကျပ် ၂၄၀၀ နှုန်းဖြင့် စုစု​ပေါင်း ပိသာချိန် (၇၇၀) ဖြန့်ဖြူး​ရောင်းချ​ပေးလျက်ရှိပြီး သတ်မှတ်​​​​စျေးနှုန်းများနှင့်အညီ​ ရောင်းချ​နေမှုများကို မြို့နယ်ဦးစီးအရာရှိ​ ဒေါ်​အေး​အေးနိုင်နှင့်အဖွဲ့များက လိုက်လံ ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)