နေပြည်တော် ၂၅ မေ 


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ကုမ္ပဏီရုံးဆောက်လုပ်ရန် ဖောင်ဒေးရှင်းတူးဖော်စဉ် ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


မေ ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ခြံအမှတ်(၂/ဘီ)၌ ရေနံကုမ္ပဏီရုံး ဆောက်လုပ်ရန်အတွက် ရွှေပြည်သာ မြို့နယ်နေ ဦးကျော်လင်းစိုး (၃၅)နှစ်က ယန္တရားစက်ဖြင့် ဖောင်ဒေးရှင်းတူးဖော်စဉ် မြေအနက် ၂၁ ပေခန့် အရောက်တွင် အလျား ၃ ပေ၊ လုံးပတ် ၃ ပေခွဲခန့်ရှိ ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိကြောင်း သတင်းအရ မရမ်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သည့်  ပူးပေါင်းအဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ ဗုံးသီးဟောင်းအား နယ်မြေခံတပ်မှ သိမ်းဆည်းသယ်ဆောင်သွားကြောင်း သတင်းရရှိသည်။


MDN