မရမ်းကုန်း စက်တင်ဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက် ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် ဗဟိုလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆန်၊ ဆီ၊ ကြက်ဥများအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေး သည်။

 

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်၊ ဆီတစ်ပိဿာလျှင် ၅၃၀၀ ကျပ်နှင့် ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် ရောင်းချပြီး လာရောက်ဝယ်ယူသူများနှင့် ဖြတ်သန်း သွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)