မတ္တရာ      စက်တင်ဘာ       ၃

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဇေယျာသန မစိုးရိမ်ကျောင်းတိုက် တွင် ရောင်းချပေးခဲ့သည်။

 

ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာ၊ ဆီလုပ်ငန်းရှင် ဦးစိန်လှမိုးတို့က ကြီးကြပ်၍ တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀ နှုန်းဖြင့် တစ်ဦးလျှင် ၅၀ ကျပ်သားစီ စုစုပေါင်း ဝန်ထမ်း ၃၀၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)