မတ္တရာ   ဇူလိုင်  ၂၇

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အောင်မြေသုကျောင်း တိုက်အတွင်း၌ အများပြည်သူ လှူဒါန်းမှုဖြင့် ဆောက်လုပ်ထားရှိသော အောင်မြေသုခ စက္ခုပါလ မျက်စိအထူးကုဆေးခန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက အဆိုပါ မျက်စိဆေးခန်း ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ အောက်မြေသုခဆရာတော် ဒေါက်တာဘဒ္ဒန္တခေမိဿရ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆရာ ဝန်ကြီး ဒေါက်တာနေဇော်အောင်တို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

အဆိုပါ အောင်မြေသုခ စက္ခုပါလ မျက်စိအထူးကုဆေးခန်းကို  အောင်မြေသုခ ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော်  ဒေါက်တာဘဒ္ဒန္တခေမိဿရမှ ငွေကျပ် သိန်း(၅၀၀)ဦးစီးမတည်၍ မြို့သူ မြို့သား နယ်သူ နယ်သားများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ် သိန်း ၃၇၀၀ ကျော် အကုန်အကျခံ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)