မတ္တရာ ၁၉ စက်တင်ဘာ
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campagin ကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက် ရှိရာ ယနေ့ နံနက် ၈နာရီက အမှတ်(၅)ရပ်ကွက်ရှိ မန္တလေး-မိုးကုတ်ကားလမ်း မြို့အဝင်လမ်းဆုံနှင့် စည်ပင်သာယာမြို့မဈေး အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ Mask Campagin ပြုလုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်သော နှာခေါင်းစည်း များအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူများကို အဝတ်နှာခေါင်းစည်း ခုရေ(၄၅၀ဝ) ဝေငှပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းများ မပြုလုပ်ရေး ၊ သွားလာခဲ့ပါက ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင် အသုံးပြုရေးတို့ကို အသိပညာပေးပြောကြားခဲ့သည်။
မြို့နယ် ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အဖွဲ့စုံဖြင့် မြို့အဝင်နှင့် မြို့အထွက်များတွင် စစ်ဆေးဂိတ်များဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


