မတူပီ ၂၇ စက်တင်ဘာ
ချင်းပြည်နယ် ၊မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် အတွက် ရည်ရွယ်၍ အရှေ့ခိုဘွေရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း လိုအပ်ပါက Quarantine Centre အဖြစ် ထားရှိနိုင်ရန် အခြေအနေကို ယမန်နေ့ မွန်းလွဲးပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊မြို့နယ်ပညာရေးမှူး နှင့် တာဝန် ရှိသူ များက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မတူပီမြို့၊ အရှေ့ခိုဘွေရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းရှိ စာသင်ခန်းများအား လိုအပ်ပါက Facility Quarantine ထားရှိနိုင်ရန် အခြေအနေရှိမရှိ၊ လက်ဆေး ကန်ထားမည့်နေရာများ၊ရေချိုးမည့်နေရာမျာစနစ်တကျ ရှိစေရေး ရန်အတွက် ကျောင်းပတ်ဝန်းကျင် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မတူပီမြို့၌ ယနေ့လက်ရှိတွင် မိုးလုံလေလုံအားကစားရုံ Quarantine Centre နှင့် အ.ထ.က(၂) Quarantine Centre ၌ Facility Quarantine ခံယူသူ (၃၀) နှင့် Hospital Quarantine ထားရှိသူ (၂)ဦး စုစုပေါင်း (၃၂)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)