မုဒုံ   ဇန်နဝါရီ   ၅

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် အား/ကာကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက မြို့နယ် အားကစားပြိုင်ဝင်းရှိ ဖူဆယ် ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

 

ပြိုင်ပွဲကို မြို့နယ်မှ အသင်း ၁၁ သင်းတို့က ဒီဇင်ဘာ ၂၇ ရက်မှစ၍ အုပ်စုလေးစုခွဲ၍ ပတ်လည်ယှဉ်ပြိုင်ကစားကြရာ ဗိုလ်လုပွဲတွင် HADAYA (FC) အသင်းက G.A.D(FC)အသင်းကို အနိုင်ရရှိပြီး ဗိုလ်ဆွဲခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်း အခမ်းအနားကို ကျင်းပရာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးအောင်မြင့်၊ မြို့နယ် ဘောလုံးအသင်း အဖွဲ့ချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)