မုဒုံ စက်တင်ဘာ ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သီလရှင်ကျောင်းများနှင့် မြို့မ(၄) ရပ်ကွက်ရှိ အခြေခံ အိမ်ထောင်စုများအား စားဝတ်နေရေး အဆင်ပြေစေရန် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို စက်တင်ဘာ ၂ ရက်က မေတ္တာစံအိမ် (Day Care Family) အသင်းက လက်ဝယ်အရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် စေတနာရှင် အလှူရှင်များကိုယ်စား မုဒုံမြို့နယ် မေတ္တာစံအိမ် (Day Care Family) အသင်းမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်းကာ သီလရှင်ကျောင်း သုံးကျောင်းသို့ အလှူငွေကျပ် သုံးသိန်းနှင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်များကို လည်ကောင်း၊ မြို့မ(၄) ရပ်ကွက် ဂေါက်ကွင်းအနောက်ရပ်တွင် အိမ်ထောင်စု ၄၇ စု၊ ကန်ကြီးရပ်တွင် အိမ်ထောင်စု ၃၅ စု တို့အား အိမ်ထောင်စု တစ်စုလျှင် ဆန်နှစ်ပြည်နှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သားငယ်(မုဒုံ)