မုဒုံ ဇန်နဝါရီ ၁၀

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း (၄၀၀)နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း (၄၀) စုစုပေါင်း ကျပ်သိန်း (၄၄၀)ဖြင့် ကျေးရွာလေးရွာ၌ လမ်းခင်းခြင်းလုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည်။

 

မုဒုံမြို့နယ် ပိုင်ကမာကျေးရွာတွင် မြဟေမာလမ်း (၅၀၈ ပေ × ၁၂ ပေ × ၇ လက်မ) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ဝက်တဲကျေးရွာ ရှင်စောပုလမ်း (၆၀၅ ပေ × ၁၀ ပေ × ၇ လက်မ) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ညောင်ဝိုင်းကျေးရွာ၊ ကျေးရွာအနောက်ပိုင်လမ်း (၅၃၅ ပေ× ၁၂ ပေ× ၆ လက်မ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကွမ်လှာရွာသစ်ကျေးရွာ မဂ္ဂဒူ(၂)လမ်း (၅၁၀ ပေ× ၁၂ ပေ× ၆ လက်မ) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ကာ ယခုအခါ ကျေးရွာလေးရွာတွင် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)