မုဒုံ   ဇန်နဝါရီ   ၄

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်အထိ လူဦးရေ ၉၂၂၃၃ ဦးအား အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

မုဒုံမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်စုရပ်နေရာ ၁၃ နေရာတွင် ထိုးနှံပေးလျက်ရှိရာ Covid Shield ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ၄၃၆၇ ဦး၊ Sinovac ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၈၇၈၆၆ ဦးဖြစ်ကြောင်းနှင့် ဆေးခွဲတမ်း ရရှိမှုပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

ထို့ပြင် မြို့နယ်အတွင်း၌ ကိုဗစ်- ၁၉ မျိုးကွဲဗီဇပြောင်း အိုမီခရွန်ရောဂါအား မိမိတို့ ပတ်ဝန်းကျင်နှင့် မိသားစုအတွင်း အပြည့်အဝ ကာကွယ်မှုပြုနိုင်ရန်အတွက် ကိုဗစ်- ၁၉ ကာကွယ်ဆေးအား နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မပျက်မကွက် လာရောက်ထိုးနှံကြပါရန် အသိပညာပေး နှိုးဆော်ထားကြောင်း သိရှိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)