မုဒုံ ၂၄ စက်တင်ဘာ
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့အတွင်းရှိ သွားလာကန့်သတ်ထားသည့် သိမ်ကုန်းရပ်ကွက် အိမ်ထောင်စုများအတွက် ယမန်နေ့က အလှူငွေများနှင့် အဝတ်နှာခေါင်းစည်းများကို မေတ္တာစံအိမ်(Day Care Family) ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်သွားလာကန့်သတ်ခြင်းကို စက်တင်ဘာ(၂၃)ရက် ည(၈)နာရီမှစ၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသောကြောင့် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၂၀၀)အတွက် ငွေကျပ်(၅)သိန်းနှင့် အဝတ်နှာခေါင်းစည်း (၂၀၀၀) ခု စုစုပေါင်းငွေကျပ်(၁၀)သိန်းကို မေတ္တစံအိမ်အသင်းမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်း၍ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးကလက်ခံခဲ့ရာ အိမ်ထောင်စု(၂၀၀) အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် ကြက်ဥများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)