မုဒုံ     ၃   သြဂုတ်  

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သြဂုတ် ၂ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ ​မုဒုံမြို့နယ် ကမာဝက်မြို့ ဟင်္သာရပ်ကွက်နှင့် မြေနိမ့်ပိုင်း နေရာများတို့တွင် ယနေ့မွန်းလွဲ (၁) နာရီခွဲမှ စတင်ကာ လူနေအိမ်ခြံဝန်းအတွင်း ရေများဝင်ရောက်ခြင်းနှင့် လမ်းမကြီးများ ရေကျော်မှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကမာဝက်မြို့ ဟင်္သာရပ်ကွက်အတွင်း မြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်း (၃၀) ကျော်ခန့်သို့ ရေများဝင်ရောက်လျက်ရှိနေသည်။ နှီးပဒေါကျေးရွာအနီး မုဒုံ-သံဖြူဇရပ် အဝေးပြေး ကားလမ်းမကြီးပေါ် ရေကျော်ရေလျှံကာ ကားများနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်း သွားလာမှုများကို အလှည့်ကျစနစ်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုနေပြီး တာဝန်ရှိသူများနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များပူပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ယနေ့မိုးရေချိန် လက်မ (၆.၉၃) လက်မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။

အောင်မျိုးသူ(မုဒုံ)