မုဒုံ  ၃၁  ဩဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မုဒုံမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံသို့ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီစဉ် (CERP) အရ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရေးအတွက် မုဒုံမြို့နယ်ရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

 

အဆိုပါ  အခမ်းအနားတွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးစိုးမင်း၊ မော်လမြိုင်ခရိုင် ဦးစီးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မုဒုံမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၂၀) ဦး၏ ငါးကန်ဧက (၄၄.၉၉) အတွက် သထုံ ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်းငါးသား ငါးသားပေါက်ကောင်ရေ (၉၂၂၅၀) အား  အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

MDN