ကြို့ပင်ကောက် ၁၃ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း မှုခင်းကျဆင်းရေးနှင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ဇူလိုင် ၁၂ ရက် ညနေပိုင်းက ရှောင်တခင် တာဆီးပိတ်ဆို့ရှာဖွေမှုများကို နေရာသုံးနေရာခွဲ၍ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။

 

ရှောင်တခင်တားဆီး ပိတ်ဆို့ရှာဖွေမှုများကို ရန်ကုန်-ပြည်ကားလမ်း၊ ရွှေကျွန်းတော ဆီဆိုင်အဟောင်းရှေ့နှင့် မြို့လယ်ချောင်းကျေးရွာ PPK ဆီဆိုင်ရှေ့၊ မြို့အနောက်ဘက် ပေပင်ကုန်း ကျေးရွာထိပ်တို့တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့်အတူ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်-ပြည်အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် လမ်းသွား လမ်းလာများအား ဥပဒေနှင့်မလွတ်ကင်းသည့် ပစ္စည်းများသယ်ဆောင်လာခြင်းရှိမရှိ၊ တုတ်ဓါး လက်နက်များ ကိုင်ဆောင်ခြင်းရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)

 

IMG_2019