မလှိုင်  ၁၉   အောက်တိုဘာ

 

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင်   မှုခင်းကြိုတင်ကာကွယ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးအတွက် အသိပညာပေးဟောပြာပွဲကို အောက်တိုဘာ ၁၈ ရက်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

 

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က မူခင်းကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောပွဲ  ကျင်းပရခြင်းရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမျိုးသားအဆင့်မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာ (၂ဝ၁၈- ၂ဝ၂ဝ )တိုင်းအဆင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြာကြားပြီး မူခင်း ကြိုတင် ကာကွယ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးသည် ရဲတပ်ဖွဲ့ဝင် တစ်ခုတည်းသာမက ပြည်သူအများပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ မှုခင်းနှင့် အကြမ်းဖက်မှု ပဋိပက္ခ လျှော့ချနိုင်ရေး အတွက် အစိုးရ ၊  ပြည်သူလူထု ၊  အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊မီဒီယာများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ တစ်ဆက်တည်း  ရဲတပ်ဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များအကြောင်း၊ အမှုကြီး(၁ဝ)မျိုးနှင့် ကြိုတင်ကာကွယ်မှုလုပ်ငန်း(၁ဝ) မျိုး အကြောင်းကို ပညာပေး ဟောပြောခဲ့သည် ။

 

 

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှထွန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကြသော ဦးချစ်မင်းသိန်းနှင့် ဒေါ်သီတာငြိမ်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု(၅၆) အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည် ။  

 

                                                                                                  

အောင်ဌေး (မလှိုင်)