မလှိုင် ၁၉ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးအတွက် အသိပညာပေးဟောပြာပွဲကို အောက်တိုဘာ ၁၈ ရက်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က မူခင်းကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမျိုးသားအဆင့်မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာ (၂ဝ၁၈- ၂ဝ၂ဝ )တိုင်းအဆင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြာကြားပြီး မူခင်း ကြိုတင် ကာကွယ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးသည် ရဲတပ်ဖွဲ့ဝင် တစ်ခုတည်းသာမက ပြည်သူအများပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ မှုခင်းနှင့် အကြမ်းဖက်မှု ပဋိပက္ခ လျှော့ချနိုင်ရေး အတွက် အစိုးရ ၊ ပြည်သူလူထု ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊မီဒီယာများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ တစ်ဆက်တည်း ရဲတပ်ဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များအကြောင်း၊ အမှုကြီး(၁ဝ)မျိုးနှင့် ကြိုတင်ကာကွယ်မှုလုပ်ငန်း(၁ဝ) မျိုး အကြောင်းကို ပညာပေး ဟောပြောခဲ့သည် ။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှထွန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကြသော ဦးချစ်မင်းသိန်းနှင့် ဒေါ်သီတာငြိမ်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု(၅၆) အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည် ။
အောင်ဌေး (မလှိုင်)


