၂၂ စက်တင်ဘာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ယာယီကုန်စိမ်းဈေး၌ ကိုဗစ်၁၉ရောဂါကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဈေးရောင်းချနိုင်ရေးနှင့် ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း ရောင်းချမှုရှိ/ မရှိတို့ကို ယနေ့၊ နံနက်(၈)နာရီခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မြို့ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်၊ စည်ပင်သာယာရေး ဦးစီးမှူး ဦးမျိုးသူရကျော်နှင့် ဌာဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကုန်စိမ်းဈေးဆိုင်များ၌ ကုန်စိမ်းများ ရောင်းချမှုအခြေအနေကို လိုက်လံစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
“ယာယီကုန်စိမ်းဈေးကို (၆)ပေအကွာနဲ့ စနစ်တစ်ကျနေရာချပေးထားသော်လည်း ယခုအခါမှာ ဈေးသည်တွေ ပူးကပ်ရောင်းမှုတွေနဲ့ လူသွားလမ်းပေါ်ကျူးကျော်ရောင်းချမှုတွေ ရှိနေတာကို စစ်ဆေး တွေ့ရှိရပါတယ်၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဈေးသည်တွေအနေနဲ့လည်း စည်းကမ်းတွေကို စနစ်တစ်ကျလိုက်နာဖို့ လိုအပ်သလို လိုအပ်တဲ့ကျန်းမာရေးလမ်းညွှန်ချက်နဲ့ စည်းမျဉ်း စည်းကမ်းတွေကိုလည်း မှာကြားခဲ့ပါတယ်”လို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က ပြောကြားသည်။
”ဈေးရောင်းချသူတွေဟာ တောင်ပေါ်ဒေသမှာရှိကြတဲ့ ကျေးရွာတွေကနေ ကိုယ်တိုင်စိုက်ပျိုးပြီး တစ်ပိုင်တစ်နိုင် လာရောက် ရောင်းချတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး လမ်းညွှန်ချက်တွေကို သိရှိနားလည်ပြီး လိုက်နာလာအောင် ပြောပြထားပါတယ်၊ ဥပဒေအရ အရေးယူဖို့တော့ အခက်အခဲရှိပါတယ်”လို့ စည်ပင်ဦးစီးမှူးဦးမျိုးသူရကျော်ကပြောကြားသည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူအများစုက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို လိုက်နာမှုအားကောင်းခြင်းကိုလည်း စစ်ဆေးတွေ့မြင်နေရကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်ဆက်)