မုံးကိုး   ၆ ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် အသက်(၈၅)နှစ်အထက်ရှိ အဘိုး၊ အဘွား ၂၈ ဦးအား လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းပြီး ယနေ့ မွန်းလွဲ ၂ နာရီက ထောက်ပံ့ငွေများပေးအပ်သည်။

 

ထိုသို့ထောက်ပံ့ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလ၌ ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်နှင့် ဧပြီ၊ မေ၊ ဇွန် (၃)လအတွက် လူမှုပင်စင်ထောက်ပံ့ငွေ ၃၀၀၀၀ သောင်းကျပ် စုစုပေါင်း ၆၀၀၀၀ ကျပ်ကို မုံးကိုးမြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်နှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန့်ဇော်ဦး(ပြန်/ဆက်)