မုံးကိုး ၂၂ ဩဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ရွေးကောက်ပွဲမဲစာရင်းတွင် အမည်စာရင်းပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ဒေသခံပြည်သူစုစုပေါင်း ၂၄၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်အရောက် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မုံးကိုးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

 

“မုံးကိုးမြို့၊ ရှောက်ရွှေစင်ကျေးရွာအုပ်စု၊ မန့်ယန်ကျေးရွာအုပ်စုနဲ့ ဖောင်းဆိုင်ကျေးရွာအုပ်စုတွေမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားပြည်သူစုစုပေါင်း ၂၄၁ ဦးဟာဆိုရင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒစာရင်းမှာ အမည်ပါရှိသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးတဲ့အတွက် စနစ်တစ်ကျ ကွင်းဆင်းစိစစ်မှုတွေ ဆောင်ရွက်ကာ သစ္စာစီမံချက်နဲ့ (အခမဲ့) ပြုလုပ်ပေးပြီး လက်ဝယ်အရောက် ပေးအပ်တာ ဖြစ်ပါတယ်” လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မုံးကိုးမြို့(ရှေ့တန်းရုံး)က မြို့ဦးစီးမှူး ဦးစောချမ်းသာက ပြောသည်။

 

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံးကိုးမြို့(ရှေ့တန်းရုံး)က မြို့ဦးစီးမှူးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအုပ်ကြီး ဦးနိုင်ထွန်းတို့က အမှာစကားအသီးသီး ပြောကြားသည်။ ဆက်လက်ပြီး တာဝန်ရှိသူတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ လက်ဝယ်ပေးအပ်ပြီး ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)