မုံရွာ ၂၃ မေ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မုံရွာမြို့ ရုံးကြီးရပ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) တွင် မေလ ၂၀ နံနက် ၉ နာရီက စတင် ကျင်းပပြုလုပ်သည်။
ယနေ့ အလုပ်ရုံဆွေးနွေးပွဲ စတုတ္ထနေ့တွင်၊ ကြေးမုံသတင်းစာတိုက်မှ စာတည်းမှူး ဦးဝင်းနိုင်က စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်၊ ဝေါဟာရ ရှင်းလင်းချက်၊ သတင်းအရင်းအမြစ် ရှာဖွေခြင်း၊ သတင်းအခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းလက်တွေ့ရေးသားနည်း၊ ဆောင်းပါးရေးသားခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ သတင်းလိုက်ခြင်း၊ မီဒီယာနှင့် သတင်းထုတ်ပြန်ခြင်း အစရှိသည့် ဘာသာရပ်များကို လက်တွေ့ စာတွေ့ဆွေနွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း ၄၂ ဦးတက်ရောက်ရာ ဆွေးနွေးပွဲကို ၆ ရက်တာ ကျင်းပပြုလုပ်သွားဖြစ်သည်။
စိုးစိုးလှိုင်(ဝက်လက်)
