မူဆယ် ၅ စက်တင်ဘာ
မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးဘေးရှိ ရေမြောင်းများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ သန့်ရှင်းရေးဌာနစိတ် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
မိုးရာသီအတွင်း ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ပိုးလောက်လမ်းများ ပေါက်ဖွားခြင်းမှ ကင်းဝေးပြီး ရာသီအလိုက် ဖြစ်ပေါ်တတ်သည့် တုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပေါ် စေရန်အတွက် မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးဘေး ဝဲ/ယာတစ်လျှောက်ရှိ ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်သရိုက်များ၊ နှုန်းများကို ဆယ်ယူခြင်း၊ ရေမြောင်းဘေးပတ်လည်တွင် ပေါက်ရောက်နေသော ချုံနွယ်ပေါင်းပင်များအား ခုတ်ထွင်ရှင်လင်းခြင်းနှင့် ရေစီးရေလာကောင်း မွန်စေရေးတို့အတွက် သန့်ရှင်းရေးဌာနစိတ်မှ ဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)


