ခင်ဦး  ၃  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မူးမြစ်ကူးတံတား (ရေဦး) တည်ဆောက်ခြင်းလုပ်ငန်း ချဉ်းကပ်လမ်းတစ်လျှောက် လမ်းနယ်နိမိတ်အတွင်း ပါဝင်သည့် ပျက်စီးဆုံးဆုံးရှုံးမှု အပေါ် မြေယာလျော်ကြေးငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်းတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသိန်းဇော်က လျော်ကြေးငွေ ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူ ဦးမြင့်ထံသို့ မြေယာလျော်ကြေးငွေစုစုပေါင်း ငွေကျပ် ၁၁၈၀ဝ၀ဝ ကို ပေးအပ်ခဲ့ရာ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၂)၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇေယျာစိုး၊ ဦးစီးအရာရှိ ဒေါ်အေးအေးပြုံး၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ဝေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါ တည်ဆောက်ခြင်းလုပ်ငန်းတွင် အင်းပတ်ကျေးရွာ၊ တောင်သူ ဦးမြင့်၏ ဦးပိုင်အမှတ်(N-၄၇)၊ ကွင်းအမှတ် (၂၃၅၄)၊ ဧရိယာ(ဝ ဒသမ ၅၉) ဧက၊ မြေအမျိုးအစား(ကိုင်းမြေ) အတွက် မြေယာလျော်ကြေးပေးအပ်ကြောင်းသိရသည်။

 

စိုးဝေအောင်(ခင်ဦး)