ရန်ကုန်  ဖေဖော်ဝါရီ  ၃

 

မူးယစ်ဆေး ဖြတ်ပြီးသူများ  ပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ဖေဖော်ဝါရီ  ၂ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင်  လူမှုဝန်ထမ်းဦးစီးဌာန  ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး  ဒေါ်သိန်းသိန်းမြင့်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း  ဂုဏ်ပြုလက်မှတ်များ ပေးအပ်သဉ်။

 

ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား  ပြန်လည်ပြောကြား သည်။ 

 

ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို  သိကျွမ်း နားလည်ပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန်၊ မူးယစ်ဆေးနှင့် ပတ်သက်သည့် အကြောင်းအရာ များ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၏ နောက်ဆက်တွဲ  ကျန်းမာရေးစောင့်ရှောက်မှု၊  ကြုံတွေ့ရမည့် အခက်အခဲများ၊ ဖြေရှင်းနိုင်မည့်နည်းလမ်းများကို သိရှိနားလည် လာစေရန်ရည်ရွယ်၍  အဆိုပါ သင်တန်းကို ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ငါးရက်ကြာ  ဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၂ ဦးတို့  တက်ရောက်ကြကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ-ကိုထက်