တပ်ကုန်း ၂၅  ဩဂုတ်   
     

နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မြဝတီရပ်ကွက်အတွင်းရှိ တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်  ကျင်းပသည်။


အဆိုပါစကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်တင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဝင်းနိုင်တို့က အဖွင့်အမှာစကားပြောကြားပြီးနောက် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စဉ်းစားတွေးခေါ်မှုများ ပိုမိုမြင့်မားလာစေရန်၊ အများ ကောင်းကျိုးအတွက် ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြည်သူ့စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဒေါက်တာ ခိုင်သီရိ၊ မြို့နယ်ဉပဒေအရာရှိ ဉီးလှိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်ယဉ်မင်းမြတ်၊ အမှတ်(၈) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး ရဲအုပ် ဇင်အောင်လင်းတို့က ဉီးဆောင်၍ မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့်  ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများက မူးယစ်ဆေးဝါး၊ လူကုန်ကူးအန္တရာယ်နှင့်ပြစ်မှုပြစ်ဒဏ်များ ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းလမ်းနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး ရေးနှင့်ရာသီတုပ်ကွေးရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နည်းများ မေးမြန်းကြရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့သည်။


ယနေ့ကျင်းပသည့် ပြည်သူ့စကားဝိုင်းသည် (၇) ကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂ဝဝ)ဉီး တက် ရောက်ကြောင်း သိရသည်။


တင်စိုးလွင် 

 

DSC03