မြဝတီ ၁၂  စက်တင်ဘာ 

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၃၁၈ ဦးသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့်   ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့၌ ဆက်လက် ဝင်ရောက်လာကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့်  မေ ၁ ရက်မှ    ၃၁ ရက် အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ   ၃၀ ရက်အထိ  ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက် မှ  ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ  ၃၁ ရက်အထိ ၁၅၉၉၈ ဦး၊ စက်တင်ဘာ ၁ ရက် မှ ၁၂ ရက်နေ့အထိ   ၅၅၈၀  ဦး  စုစုပေါင်း ၇၆၇၄၃ ဦးတို့   ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ 

 

ယနေ့    ပြန်လည်ဝင်ရောက်သူ များမှာ တိုင်းဒေသကြီး၊   ပြည်နယ်များမှ  အမျိုးသား ၂၂၆ ဦး၊ အမျိုးသမီး ၉၂ ဦး စုစုပေါင်း ၃၁၈ ဦးဖြစ်ပြီး  သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။     

 

ထိန်လင်းအောင်(ပြန်/ဆက်)