မြဝတီ   ၆ စက်တင်ဘာ 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၄၅၇ ဦးသည်  မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှ တစ်ဆင့် ယနေ့တွင်  ဆက်လက် ဝင်ရောက်လာကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသောလိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်မှ ၃၁ ရက် အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ၃၀ ရက် အထိ  ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက် မှ  ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ  ၃၁ ရက်အထိ ၁၅၉၉၈ ဦး၊ စက်တင်ဘာ ၁ ရက်မှ ၆ ရက်အထိ  ၃၂၅၇ ဦး  စုစုပေါင်း ၇၄၈၇၀ ဦးတို့   ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ 

 

ယနေ့ ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊   ပြည်နယ်များမှ  အမျိုးသား ၃၀၆ ဦး၊ အမျိုးသမီး ၁၅၁ ဦး စုစုပေါင်း ၄၅၇ ဦးဖြစ်ပြီး  သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။     

ထိန်လင်းအောင်(ပြန်/ဆက်)