မြဝတီ ဇွန် ၁၂
အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေရရှိစေရေး တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုစေရန်ရည်ရွယ်ပြီး ပလတ်စတစ်ခြင်း ရက်လုပ်နည်းသင်တန်းကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြဝတီခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြဝတီခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က ပူးပေါင်းဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းဖွင့်ပွဲကို ဇွန် ၁၀ ရက်က ပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ကေခိုင်က သင်ကြားပေးပြီး ဇွန် ၁၁ ရက်မှ ၁၂ ရက်အထိ နှစ်ရက်ကြာ ပို့ချခဲ့ကာ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့သည်။
ထိန်လင်းအောင်(ပြန်/ဆက်)