မြဝတီ  ၂၇  နိုဝင်ဘာ

အသက်ရှုခြင်း သို့မဟုတ် ပုံမှန်မဖြစ်ခြင်း၊ နှလုံးရပ်ခြင်း သို့မဟုတ် ပုံမှန်မဖြစ်ချင်တို့ကို ချက်ချင်းသိရှိပြီးတော့ မည်သည့် အထောက်အကူမှမပါဘဲ အသက်ရှုခြင်းအားကူပေးခြင်း၊ နှလုံးဖိနှိပ်ပေးခြင်း ဟုခေါ်ဆိုသည့် အခြေခံအသက်ကယ် အထောက်အကူပြုနည်းကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လက်တွေ့သရုပ်ပြခဲ့သည်။

 

အဆိုပါ သရုပ်ပြဆောင်ရွက်ရာမှာ ဖြစ်ရပ်မြင်ကွင်းဆန်းစစ်ခြင်း၊ လူနာကိုစစ်ဆေးရာမှ တုံပြန်မှုရှိမရှိ၊ ဘေးပတ်ဝန်ကျင် အကူအညီတောင်းခြင်း၊ လူနာအနေအထားအား ပြုပြင်ခြင်း၊ ရင်အုံ ၃၀ အသက်ရှု ၂ ကြိမ်၊ လေပြွတ်လမ်းကြောင်း ဖွင့်ခြင်း၊ သွေးခုန်မခုန်စစ်ဆေးခြင်း၊ စိတ်ချရသော ဘေးစောင်အနေအထားနဲ့ ဆေးရုံသို့ ပို့ဆောင်ခြင်းတွေ ပါဝင်သည့် အခြေခံအသက်ကယ် အထောက်အကူပြုနည်း ဆောင်ရွက်ပုံအဆင့်ဆင့်နဲ့ အသက်ရှုခြင်း အားကူနည်းတို့ ပါဝင်သည်။

 

ထိုသို့လူနာကို ညီညာသောကြမ်းပြင်မှာ ပက်လက်ထားခြင်း၊ လူနာ၏နံဘေးတွင် ဒူးထောက်ထိုင်ခြင်း၊ လူ၏ရင် ညွန့်ရိုး အစွန်းလက်နှစ်လုံး အထက်နေရာတွင် လက်ဝါးနှစ်ခုထပ်တင်ခြင်းဖိခြင်းနဲ့ လက်မောင်းနှင့် တံတောင်ဆစ်များ ဖြောင့်တန်းစွာထား၍ အချက်ညီညီဖိခြင်းတို့ကိုလည်း သရုပ်ပြဆောင်ရွက်ခဲ့သည်။

ဇော်နိုင်လင်း(ပြန်/ဆက်)

 

IMG202011251