မြဝတီ ၁၃ ဩဂုတ်
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခရိုင်ပြည်သူ့ဆေးရုံ ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်ရှိ အသက် ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်(A)ဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်ကလေးကျန်း မာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးငယ်များကို ဗီတာမင်(A)ကိုလည်းကောင်း၊ အသက်နှစ်နှစ်မှ ငါးနှစ်အောက်ကလေးငယ်များကို သန်ချဆေးများကိုလည်း ကောင်းအသီးသီး တိုက်ကျွေးခဲ့သည်။
မြဝတီမြို့အတွင်းရှိ ကျန်ရှိနေသေးသည့် ရပ်ကွက်များ၌ဗီတာမင် (A)တိုက်ကျွေးခြင်းနှင့် သန်ချဆေး များတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)