မြဝတီ ၂၅ ဩဂုတ် 

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများက တင်ပြ လျှောက်ထားလာသော အမည်စာရင်း ထည့်သွင်းပေးရန် ပုံစံ (၃) ဖြင့် လျှောက်ထားလာသူ ၃၆၇၁ ဦး၊မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်နေ၍ အမည်စာရင်းပယ်ဖျက်ပေးရန် ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်သူ ၄၃၅ ဦး၊ မဲစာရင်းနှင့်စပ်လျဥ်းသည့် ပြင်ဆင် လွှာပုံစံ(၄-ဂ) ဖြင့် လျှောက်ထားသူ ၁၀၇၅ ဦး ရှိကြောင်း သိရသည်။

 

အဆိုပါ မဲစာရင်းတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဩဂုတ် ၁၂ ရက်မှ ယနေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုအလိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)