mdn

မြဝတီ ၉ ဇူလိုင် 

 

မြဝတီမြို့နယ်အတွင်း ငါးနှစ်အောက်ကလေးငယ်တိုင်းအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက် ကျွေးခြင်းကို သုံးကြိမ်တိုင် တိုက်ကျွေးသွားမည်ဟု သိရသည်။

 

ပိုလီယိုကာကွယ်ဆေး သုံးကြိမ်လုံးတိုက်ကျွေးမှသာ ရောဂါမဖြစ်ပွားရန် ရာနှုန်းပြည့် ကာကွယ်မည်ဖြစ်သည့်အတွက် သုံးကြိမ်ပြည့်အောင်တိုက်ကျွေးနိုင်ရေး ဂရုစိုက်စေလိုပါကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလက်ထောက်òန်ကြားရေးမှူး ဒေါက်တာနှင်းနွယ်နီအေး (တိုးချဲ့ကာကွယ်ဆေး) က ပြောကြားသည်။

 

ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးမြမြကြိုင်နှင့် အဖွဲ့ဝင်များ၊ မြဝတီခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဦးနှင့် တာဝန်ရှိသူများက ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေမှုကိုကြည့်ရှုအားပေးကြသည်။

 

ယခုတိုက်ကျွေးခြင်းသည် ပထမအကြိမ်အဖြစ်ဇူလိုင် ၇ ရက်မှ ၉ ရက်အထိ တိုက်ကျွေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၂၁ ရက်မှ၂၃ ရက်အထိ၊ တတိယအကြိမ်အဖြစ် ဩဂုတ်၄ ရက်မှ ၆ ရက်အထိ ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ကရင်ပြည်နယ်တွင် ခုနစ်မြို့နယ်၊ မွန်ပြည်နယ်တွင် သုံးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် နှစ်မြို့နယ် စုစုပေါင်း ၁၂ မြို့နယ်တွင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)