မြဝတီ  ၂၁  အောက်တိုဘာ

 

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃) ရပ်ကွက်ကုန်းမြင့်သာ ယာအပိုင်းရှိ ဝိဒူရလမ်း၊ ဝေဘာဂီလမ်းနှင့် ခေမာသီလမ်းတို့တွင် နေထိုင်ကြသည့် အခြေခံလူ တန်းစားမိသားစုများအတွက် အဆင်ပြေစေရန် မြဝတီမြို့ အာရှလမ်းမကြီးဘေးရှိ  ရာမာဉ်စားသောက်ဆိုင်မှ အလှူရှင် ဦးရန်နိုင်နှင့်ဒေါ်သန္တာမြင့်တို့က လှူဒါန်းခြင်းဖြစ်သည်။

 

အဆိုပါလှုဒါန်းမှုအား အလှူရှင်ကိုယ်စား မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စုစုသွယ်နှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံစာကြည်တိုက်များဖောင်ဒေးရှင်း ကရင်ပြည်နယ် ဒုတိယ ဥက္ကဋ္ဌဦးထွန်းထွန်းဦးတို့က မြဝတီမြို့ အမှတ်(၃) ရပ်ကွက် ကုန်းမြင့်သာယာအပိုင်းရှိ ဝိဒူရလမ်း၊ ဝေဘာဂီ လမ်းနှင့် ခေမာသီလမ်းတို့တွင် နေထိုင်ကြသည့် အိမ်ထောင်စု ၆၅ စုအတွက် အိမ်ထောင်တစ်စုလျှင် ဆန် (၅) ပြည်နှုန်ဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်

 

mdn