မြဝတီ ၂၅ သြဂုတ်
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား လာသော အသက် ၂ နှစ်အောက်ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက မြဝတီမြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြဝတီမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက အဖွင့်မှာစကားပြောကြားပြီး မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်သူနိုင်က ထောက်ပံ့ငွေပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာ သောအသက်နှစ်နှစ် အောက်ကလေးငယ် ၁၄၀၂၂ ဦးအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်အတွက် ငွေကျပ် ၆၁၁၂၈၀၀၀၀ ကို မြဝတီမြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်


