မြဝတီ၌ (၄၄)ကြိမ်မြောက် မြန်မာ-ထိုင်းမြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးကျင်းပ

မြဝတီ  ၃၁  မေ 

 

(၄၄)ကြိမ်မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီ(မြဝတီ-မဲဆောက်) အစည်းအဝေးကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ GRADE ONE ဟိုတယ်အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြန်မာနယ်ခြားကော်မတီ(မြဝတီ)ဥက္ကဋ္ဌ၊ အမှတ်(၉၇) ခြေလျင်တပ်ရင်းတပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးအောင်ဆန်းဝင်းနှင့် ထိုင်းနယ်ခြားကော်မတီ(မဲဆာက်)ဥက္ကဋ္ဌ၊ အမှတ်(၁၄) ခြေလျင်အထူးတပ်ရင်းတပ်ရင်းမှူး ဗိုလ်မှူးကြီး မိုင်းတရီးချူး ပရီးချားတို့က အဖွင့်အမှာစကားပြာကြားသည်။

 

အစည်းအဝေးတွင် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်ကိစ္စ၊ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများ ကိစ္စများကို ဆွေးနွေးကြပြီး နှစ်ဖက်နယ်ခြား ကော်မတီ ဥက္ကဋ္ဌများက နိဂုံးချူပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)

 

ge 61866