မြဝတီ  ၁၆  ဇူလိုင် 

 

ထိုင်းနိုင်ငံမှ   မြန်မာရွှေ့ပြောင်းလုပ်သား ၄၂၄ ဦးသည်  မြဝတီ အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့်   ယနေ့  ဆက်လက် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်နှင့် မြို့နယ်မှ  တာဝန်ရှိသူ များက ကြိုဆိုခဲ့ပြီး ကျန်းမာရေး စစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက   ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ဇွန် ၃၀ ရက်အထိ  ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက်တွင် ၆၆၇ ဦး၊ ဇူလိုင် ၂ ရက်တွင် ၇၂၈ ဦး၊ ဇူလိုင် ၃ ရက်တွင် ၁၁၃၄ ဦး၊ ဇူလိုင် ၄ ရက်တွင် ၈၁၃ ဦး၊ ဇူလိုင် ၅ ရက်တွင် ၇၂၈ ဦး၊ ဇူလိုင် ၆ ရက်တွင် ၁၁၄၂ ဦး၊ ဇူလိုင် ၇ တွင် ၈၅၁ ဦး၊ ဇူလိုင် ၈ ရက်တွင် ၆၆၈ ဦး၊ ဇူလိုင် ၉ ရက်တွင် ၇၈၃ ဦး၊ ဇူလိုင် ၁၀ ရက်တွင် ၅၆၀၊ ဇူလိုင် ၁၁ ရက်တွင် ၆၁၁ ဦး၊ ဇူလိုင် ၁၂ ရက်တွင် ၆၃၄ဦး၊  ဇူလိုင် ၁၃ ရက်နေ့တွင် ၅၃၀ ဦး၊ ဇူလိုင် ၁၄ ရက်တွင် ၃၇၉ ဦး၊ ဇူလိုင် ၁၅ရက်တွင် ၃၀၆ ဦး၊ ယနေ့ ဇူလိုင် ၁၆ ရက်တွင် ၄၂၄ ဦး  စုစုပေါင်း ၄၇၉၇၆ ဦးတို့ ပြန်လည်ဝင်ရောက် ခဲ့ပြီးဖြစ်သည်။

 

ယနေ့ ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၄၇  ဦး၊ အမျိုးသမီး ၁၇၇ ဦး စုစုပေါင်း ၄၂၄ ဦးဖြစ်ကြောင်း သိရသည်။    

 

ထိန်လင်းအောင်(ပြန်/ဆက်)