မယ်စဲ့ ၁၂ ဇွန်


ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစံထွန်းအေးနှင့် ဝန်ထမ်းများသည် NRC အဖွဲ့နှင့် ပူးပေါင်း၍ သစ္စာစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်က ဟိုဂျစ်ကျေးရွာ မူကြိုကျောင်း၌ ဆောင်ရွက်ခဲ့သည်။


မယ်စဲ့မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနသည် NRC အဖွဲ့နှင့်ပူးပေါင်း၍ လစဉ် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိပြီး ယနေ့တွင် ဟိုဂျစ်ကျေးရွာရှိ ပြည်သူများအား အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ် အသစ်ပြုလုပ်သူ(၂)ဦး၊ အသက်(၁၈)ပြည့် မိတ္တူလဲလှယ်သူ(၁၄)ဦး၊ စုစုပေါင်း(၁၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေးတိုးစာရင်းနှင့် သေဆုံးစာရင်းများကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)