မယ်စဲ့ ၁၅ စက်တင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ် များ လိုအပ်သော အာဟာရများရရှိစေရေးအတွက် Micronutrient Powder (အဏုအာဟာရမှုန့်)များကို ယနေ့နံနက်က တောင်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ အခမဲ့ ဖြန့်ဝေပေးလျက်ရှိသည်။
မြို့နယ်ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မာရီနာ ဦးဆောင်၍ ကျန်းမာရေး ဆရာမများက ၆ လပြည့်ပြီးသော ကလေးငယ်များနှင့် ၂ နှစ်အောက် ကလေးငယ်များအား ကလေး တစ်ဦးလျှင် တစ်ရက်ကို တစ်ထုပ်နှုန်းဖြင့် တိုက်ကျွေးနိုင်ရန်အတွက် ၂ လစာ အဏုအာဟာရမှုန့်ထုပ် ဖြန့်ဝေပေးပြီး ကလေးငယ်များကို ၂ လတိုက်ကျွေးကာ ၄ လခြားစေပြီးမှ ထပ်မံတိုက်ကျွေးရမည် ဖြစ်ကြောင်းနှင့် ၅ နှစ်အောက်နှင့် ၂ နှစ်အောက် ကလေးငယ်များအား လက်မောင်းပတ် တိုင်းတာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)


