မယ်စဲ့ ၄ နိုဝင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ပန်တိန်းကျေးရွာနေ ပြည်သူများအတွက် ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပန်တိန်းကျေးရွာအတွင်း ဓာတ်အားဖြန့်ဖြူးထားသော လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဝေးကွာပြီး လျှပ်စစ်ဓာတ်အား မရရှိသေးသည့် နေအိမ်များအတွက် အရှည်ပေ (၉၂၀) ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းနှင့် 400V ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်ဓာတ်အား အမြန်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


