မယ်စဲ့  ၂   ဒီဇင်ဘာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်ရန်ပုံငွေဖြင့်  ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းရွှေနှင့် ကော်မတီဝင်များက ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းပွန်းနှင့် အင်ဂျင်နီယာ ဒေါ်သိမ့်တွယ်တာတို့က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရန်ပုံငွေကျပ် ၂.၆၄၆ သန်းဖြင့် ငွေနှင်းတောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် မြို့ကွက်လမ်း Box Culvert (၂၆x၆x၃.၆) ပေ တည်ဆောက်ခြင်း လုပ်ငန်း၊ ရန်ပုံငွေကျပ် ၁၂၄.၄၆ သန်းဖြင့် ဗိုလ်ချုပ်လမ်း ကျောက်စီရေမြောင်း အရှည် ၃၆၃၀ ပေ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ရန်ပုံငွေကျပ် ၃.၄၃ သန်းဖြင့် မြို့မဘုန်းတော်ကြီးကျောင်း အဝင်တံတား ၆ ပေ ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးပြည့်ဝစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)