မယ်စဲ့  ၈   ဇူလိုင် 

 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ မူကြိုကလေးငယ်များအား မူကြိုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပဲနို့အာဟာရတိုက်ကျွေးခြင်းကို ယနေ့နံနက်၁၀ နာရီက မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်ရှိ မူကြိုကျောင်း၌ ပြုလုပ်ခဲ့သည်။

 

မူကြိုပစ္စည်းများထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်အေးအေးသန်းနှင့် အဖွဲ့ဝင်များက မူကြိုဝတ်စုံ၊ ခေါင်းအုံး၊ ခြင်ထောင်၊ သွားတိုက်ဆေး၊ သွားတိုက်တံတို့ကို မူကြိုဆရာမထံ ထောက်ပံ့ ပေးအပ်ပြီး မူကြိုကလေးငယ်များအား ပဲနို့အာဟာရတိုက်ကျွေးကြသည်။

 

ထို့နောက် မြို့နယ်သွားနှင့် ခံတွင်းဆရာဝန် ဒေါက်တာမြတ်စိုးဦးက စနစ်မှန်သွားတိုက်နည်းကို သရုပ်ပြသခြင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းစောလှက လက်ဆေးနည်းသရုပ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

ge 201907