တာချီလိတ် ၁၁ မေ

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့အကြား ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မယ်ဆိုင်ချောင်းအား ရေစီးရေလာ ကောင်းမွန်ရေး၊ ချောင်းရေအား နှစ်ဖက်မျှတစွာ အသုံးပြုနိုင်ရေးအတွက် ချောင်းအတွင်း  ရှင်းလင်းမှုကို မေ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မယ်ဆိုင်ချောင်းအတွင်းရှိ အမှိုက်များရှင်းလင်းခြင်း၊ ချောင်းကောနေသည့် နေရာများအား နှုန်းသဲကျောက်များနှင့် သစ်ငုတ်များ တူးဖော်ခြင်းတို့ကို ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက နယ်ခြားမှတ်တိုင်အမှတ် ၄၆၅ မှ ၄၇၃ အတွင်း၌ စုပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

 

mdn

 

အဆိုပါချောင်းမှ ထိုင်းနိုင်ငံရှိ လယ်သမားများက ရေသွယ်မြောင်းပြုလုပ်၍ ရေသွယ်ယူခြင်းများကြာင့် ရေစီးကြောင်း ပြောင်းလဲခြင်းအား ကာကွယ်နိုင်ရေး၊ ရေစီးရေလာ ပုံမှန်ဖြစ်စေရေး တိမ်ကောနေရာများတွင် ဘက်ဟိုးဖြင့် တူးဖော်ပေးခဲ့သည်။ တာချီလိတ်မြို့တွင် မိုးတွင်းကာလ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပါက တောင်ကျချောင်းရေ များပြားပြီး ချောင်းရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ မဖြစ်စေရေး ကြိုတင်ကာကွယ်မှုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြိုးလေး(ပြန်/ဆက်)

 

MDN