လဟယ်   ၁၆   နိုဝင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာ နှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေနှင့် အိန္ဒိယနိုင်ငံအထောက်အပံ့ရန်ပုံငွေတို့ဖြင့် လဟယ်-လေရှီးမြို့ နယ်ချင်းဆက်လမ်းဖောက်လုပ်နေမှုကို   (ခေတ္တ)နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် တာဝန်ရှိသူများက   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

၎င်းလုပ်ငန်းများတွင် ပါတွန်-ရန်နွေးကြား(၁၀၁/ဝ)မိုင်အနက် (၄၆/ဝ)မိုင်ဖောက်လုပ်ပြီး ကျန် (၅၅/၂ ) မိုင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လဟယ်မြို့နယ် ဘက်ခြမ်းခွင့်ပြုငွေကျပ် (၁၅၀ ဒသမ ၉၈၉) သန်းဖြင့် ပါတွန်ဘက်(၂၃)ပေ အကျယ်(ရေမြောင်းပါ) မြေသားလမ်း(၃/ဝ) မိုင်ဖောက်လုပ်ခြင်းနှင့် လေရှီး မြို့နယ် ရန်နွေးဘက်ခြမ်းခွင့်ပြုငွေကျပ်(၂၀၁ဒ သမ ၃၁၈)သန်းဖြင့် (၂၃)ပေအကျယ် (ရေမြောင်းအပါ) မြေသားလမ်း(၄/ဝ)မိုင် ဖောက်လုပ်ခြင်းစသည့်လုပ်ငန်းများပါဝင်ပြီး လဟယ်-လေရှီး မြို့နယ်ချင်းဆက် လမ်းအရှည်(၂၂၅/၄)မိုင်ရှိကြောင်းသိရသည်။

 

အဆိုပါ လမ်းဖောက်လုပ်ပေးမှုကြောင့် ကျေးရွာ ပေါင်း(၂၉)ရှိ ကျေးလက်နေပြည်သူများအတွက် လမ်းပန်း‌ဆက်သွယ်ရေး ကောင်းမွန်လာသည့်အပြင် ပညာရေး၊ ကျန်းမာရေးကဏ္ဍမှာလည်းများစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် လမ်းပိုင်းကိုလည်းဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံ ငွေများလုပ်ငန်းလျာထားပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းထံမှ သိရသည်။

 

မွှေးကြူဇင်