လဟယ် ၁၉ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်၂၀၂၀ပြည့်နှစ် အောက်တိုဘာ (၁)ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် လဟယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးခိုင်သန်းနှင့် သတင်းတပ်ဖွဲ့မှူး ဒု-ရဲမှူး ညီညီလှိုင်တို့ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၈)နာရီက လဟယ်မြို့လယ်လမ်းဆုံ၌ နှာခေါင်းစည်း Masks များ၊ Hand gelများ၊ လက်ဆေးဆပ်ပြာရည်များ၊ လက်အိတ်များအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေမှုတွင် နှာခေါင်းစည်း masks ခုရေ (၁၅၀၀)၊ Hand gel (၁၀)ဘူး၊ လက်ဆေးဆပ်ပြာရည်(၁၀)ဘူးနှင့် လက်အိတ်များပါ၀င်ပြီး ကိုဗစ်-၁၉ကူးစက်ရောဂါကာလအတွင်းဒေသခံပြည်သူများ၏ နေ့စဉ်သွားလာလှုပ်ရှားမှုတွင် မဖြစ်မနေ အသုံးပြုရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေခြင်းလုပ်ငန်းများကို လဟယ်မြို့လမ်းဆုံ၌ နံနက် ၈ နာရီမှ ၁၀ နာရီထိ ၂ ရက်ကြာ အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
ရှားဆက်(ပြန်/ဆက်)


